သတင်းတို

မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်စမ်းသပ်ပြန်

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစင်းကို အရှေ့ဘက်ကမ်းခြေရှိ ရေငုပ်သငေ်္ဘာမှနေ၍ ပစ်လွှတ်စမ်း သပ်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်ဆိုပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်ဦးမှုရယူပြီး နျူကလီးယားလက်နက်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြီးနောက် ထိုသို့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်လိုက် ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ၊ နျူကလီယားစမ်းသပ်မှုများကို မကြာသေးမီ လများကလည်း ပြုလုပ်ခဲ့ရာ နိုင်ငံတကာကလည်း ပြင်းပြင်းထန်ထန် ရှုံချခဲ့သလို ကုလသမဂ္ဂကလည်း ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading