သတင်းတို

ထိုင်းဗုံးကွဲမှု၌ မသင်္ကာသူများ၏ ပုံကြမ်း ရဲတပ်ဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံ တောင်ပိုင်း ဟွာဟင်နှင့် ဖန်ငခရိုင်များ၌ လွန်ခဲ့တဲ့ ရက်သတ္တ ၂ပတ်ခန့်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုများနှင့် ပတ်သက်၍ မသင်္ကာသူ ၄ဦး၏ ပုံကြမ်းများကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ယခုထုတ်ပြန်တဲ့ ပုံကြမ်းများ၌ ပါဝင်သူတွေဟာ ဗုံးပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူ တွေ ဖြစ်ကြောင်း၊ သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက်နေ့ ၁၂ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေမှာ ပါဝင်ပတ်သက်သူတွေဖြစ်ကြောင်း ထိပ်တန်းရဲ စုံစမ်းစစ်ရေးမှူးတဦးကို ကိုးကားပြီး Khaosod သတင်း က ဆိုပါတယ်။

ရဲအရာရှိတွေဟာ ဒီပုံကြမ်းတွေကို မျက်မြင်သက်သေများရဲ့ သရုပ်ဖော်မှုကို အခြေခံကာ ရေးဆွဲ ခဲ့တာဖြစ်ပြီး၊ ၃ဦးဟာ သြဂုတ်လ ၁၀ရက်နေ့ည ဟွာဟင်ကမ်းခြေမှာ မျက်မြင်တွေက တွေ့ခဲ့ပြီး၊ နောက်တဦးကတော့ ဖန်ငခရိုင်က ဘန့်နွိုင်ဈေး ပေါက်ကွဲမှုဖြစ်ရပ်နဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက် ၁၁ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းတောင်ပိုင်း ဗုံးပေါက်ကွဲမှုတွေမှာ လူ ၄ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ထိုပေါက်ကွဲမှုများအတွက် လူ ၁၅ဦကိုလည်း တရားစွဲဆိုထား တယ်လို့ သိရပါတယ်။

Loading