သတင်းတို

လေယာဉ်ပျက်ကျသည့် သတင်းဟောင်း ထုတ်လွှင့်မှု MNTV ကို တပ်မတော်သတိပေး

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ်က တပ်မတော်(လေ)မှ MiG 29 UB ပျက်ကျမှု သတင်းဟောင်းကို ပြန်လည် ထုတ်လွှင့်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုပိုင် MNTV ရုပ်သံလိုင်းအား တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂၈ ရက်နေ့ည သတင်းထုတ်လွှင့်အပြီးတွင် သတိပေးထုတ်ပြန်ခဲ့သည်။

MNTV ရုပ်သံလိုင်းအနေဖြင့် ယင်း အမောင်းသင် တိုက်လေယာဉ်ပျက်ကျသည့် သတင်းကို သြဂုတ် ၂၈ ရက် ည ရနာရီသတင်းတွင် Central News Bureau မှ ပေးပို့ထားကြောင်းနှင့် အောင်ကိုကိုလွင်၏ လူမှုကွန်ယက်စာမျက်နှာမှ သတင်းရရှိကြောင်းပြောကြားကာ သတင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

သတင်းဟောင်းထုတ်လွှင့်မှုနှင့်ပတ်သက်ပြီး MNTV က ပြည်သူများနှင့် တပ်မတော်အား အနူးအညွတ်တောင်းပန်ကြောင်းနှင့် သတင်းအချက်အလက်ပေးပို့ခဲ့သည့် Central News Bureau (CNB) ကလည်း တပ်မတော်ကို အနူးအညွတ်တောင်းပန်ကြောင်း ညတွင်းခြင်းပင် MNTV News သတင်းစာမျက်နှာမှ ပြန်လည်ထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading