သတင်းတို

ပုဂံဘုရားများအတွက် ထိုင်းပြည်သူများ လှူဒါန်းနိုင်

Want create site? Find Free WordPress Themes and plugins.

ပြင်းအား ၆.၈ မဂ္ဂနီကျု့ရှိ ငလျင်ကြောင့် ပုဂံရှေးဟောင်း ဘုရားပုထိုး စေတီ ၁၈၇ဆူ ထိခိုက်ပျက်စီး ခဲ့ရ ခြင်းနှင့်ပတ်သက်ပြီး ပြုပြင်ရာ၌ ထိုင်းပြည်သူများအနေဖြင့်လည်း ငွေကြေးလှူဒါန်းနိုင်ကြောင်း ထိုင်းနိုင်ငံ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသနနှင့် အနုပညာဗဟို ဌာန(SEAMEO – SPAFA )၏  ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ရေးသားထားသည်။

ထိုင်းပြည်သူများထံမှ ကောက်ခံ လှူဒါန်းရသည့်ငွေကို SEAMEO – SPAFA  အနေဖြင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောင်းလဲပေးအပ်သွားမည်ဟု ပါရှိသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေက ချောက်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်  စူဠာမဏိ၊ ဂူပြောက်ကြီး၊ ပြဿဒ်ကြီး၊ စေတနာကြီး ထီးလိုမင်းလိုနှင့် ဓမ္မရံကြီး အပါအဝင် ဘုရားပုထိုး စေတီ ၁၈၇ဆူ ထိခိုက် ပျက်စီးခဲ့ပြီး၊ နံရံ ဆေးရေးပန်းချီ ရှေးလက်ရာ အမွေ အနှစ်တချို့လည်း ပျက်စီးခဲ့ရသည်။

ထို့အတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကိုအပါအဝင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီး ယား၊ အင်ဒိုနီးရှား  စသည့်နိုင်ငံများကို နည်းပညာနှင့် ပညာရှင်များ ထံ အကူအညီတောင်းခံထားသည်။

လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ SPAFA Regional Centre ၏ အကောင့်တွင်ထည့်ဝင်လှူဒါန်း နိုင်ကြောင်းသိရသည်။

Account Number: 030-2-36891-0
Account Name: SPAFA Regional Centre
Bank: Kasikorn Bank Public Company Limited
Branch: Thewet
Address: 158 Krungkasem Road, Phra Nakhon, Bangkok 10200 Thailand
Tel: +662 6287380, +662 2821983
Swift code: KASITHBK

Did you find apk for android? You can find new Free Android Games and apps.
Loading