စင်ကာပူနိုင်ငံမှာ လူ ၄၁ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို တွေ့ရှိပြီးသည်နောက် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း Bangkok Post သတင်းကဆိုပါတယ်။ ကျန်းမာ ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် ကူးစက်ခံရသူ ၄၁ဦးအနက် ၃၄ဦးမှာ ပြန် လည် ကောင်းမွန်လာပြီဖြစ်ပြီး၊ ရောဂါကူးစက်ခံရသူများကို အနီးကပ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်းသိရပါတယ်။ ရောဂါဖြစ်သွားသူ အများစုမှာ နိုင်ငံခြားသား ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြောင်းသိရသည်။
အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အေဂျင်စီကလည်း သွေးလွန်တုပ်ကွေး ဖြစ်စေ သည် ခြင်ကျား (Aedes aegypti)များကို အရာရှိ ထိန်းချုပ်နှိမ်နင်းနိုင်ရေးကို အရာရှိ ၂၀၀ကျော်ဖြင့် အရှိန်မြှင့်လုပ်ဆောင်သွားမည်လည်း ဖော်ပြထားသည်။
ဇီကာဗိုင်းရပ်စ်ဟာ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ် တို့ကို ပျံနှံကူးစက်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံမှာလည်း ပျံနှံကူးစက်လာခြင်းဖြစ်သည်။