မြန်မာသမ္မတ ဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း ၀န်ကြီးချုပ် နာရိန္ဒြာ မိုဒီနှင့် ယနေ့တွေ့ဆုံကာ အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေးလမ်းမ တမူး-ကလေးဝ လမ်းပိုင်းရှိ တံတား ၆၉ စင်း တည်ဆောက်ရန်၊ ကလေးဝ – ယာကြီး လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်၊ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေးဝါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိခဲ့ကြောင်း ပြည်ပရေးရာ ၀န်ကြီးဌာန ပြောခွင့်ရ ဗီကက်ရှ် ဆွာရပ်ကို ကိုးကားပြီး အိန္ဒိယသတင်းဌာန The Economic Times မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာ စတင်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ၄ရက်ကြာ အိန္ဒိယခရီးစဉ်မှာ ဗုဒ္ဓဂါယာ သို့သွားရောက်ခဲ့သလို၊ ကမ္ဘာကျော် တပ်ဂျ်မဟာ နန်းတော်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
ဒီကနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီ၊ ပြည်ပရေးရာ ၀န်ကြီးတို့နှင့် တွေ့ဆုံခဲ့ပါတယ်၊ မနက်ဖြန်မှာတော့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ အိန္ဒိယ သမ္မတနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။