မလေးရှား လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွင်ပွဲအခမ်းအနားများကို တိုက်ခိုက်ရန် ကြံစည်နေသည့် IS အဖွဲ့ဝင်ဟု သံသယရှိသူ ၃ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
မလေးရှားရဲတပ်ဖွဲ့အရာရှိ ခါလစ်အဘူ ဘက်ခါက အဆိုပါလူ၃ဦးသည် မြို့တော်ကွာလာလမ်ပူရှိ ဖျော်ဖြေရေးစင်တာများ၊ ကမ္ဘာလှည့်ခရီးသွားများ အလာများသည့် ဟိန္ဒူဘုရားကျောင်းနှင့် ရဲစခန်း များကို လက်ဗစ်ဗုံးများ သို့မဟုတ်သေနတ်များဖြင့် တိုက်ခိုက်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ပြီးခဲ့သည့် စနေနေ့က စတင်ပြုသည့် ၃ရက်ကြာ စစ်ဆင်ရေးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းဆို ပါတယ်။
၎င်း ၃ဦးသည် ဆီးရီးယားနိုင်ငံမှာရှိတဲ့ IS အဖွဲ့နဲ့အတူ တိုက်ခိုက်နေတဲ့ မလေးရှားလူမျိုးတဦးရဲ့ အမိန့်ကို ရရှိခဲ့သူများဖြစ်ပြီး၊ IS အဖွဲ့ထံသို့လည်း သွားရောက်ရန် ကြံစည်နေကြောင်းလည်း အဆိုပါ ရဲအရာရှိကဆိုပါတယ်။