စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် အသက် ၅၈နှစ်အရွယ်ရှိ မလေးရှား အမျိုးသမီး တဦး ထံမှ ပထဆုံး ဇီကာ ဗိုင်း ရပ်စ်တွေ့ရှိခဲ့ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ပြော ဆိုလိုက် ပါတယ်။ အဆိုပါ အမျိုးသမီးမှာ စင်ကာပူမှ ပြန်လာပြီး တပတ်အကြာ ဆီးကို စမ်းသပ်စစ်ဆေးရာ တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်းသိရပါတယ်။
စင်ကာပူနိုင်ငံမှာ မကြာသေးမီက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည် ၄၁ဦး တွေ့ရှိခဲ့ရာတွင် မြန်မာတဦးလည်းပါဝင်ကြောင်း သိရပြီး၊ ယခုအခါမှာတော့ ကူးစက်ခံရသူ ၈၀ကျော် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
သြစတြေးလျ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား အစိုးရတွေကတော့ စင်ကာပူနိုင်ငံကို သွားရောက်လည်ပတ် မယ့် ခရီးသည်တွေကို သတိပေးပြုလုပ်မှုတွေပြုုလပ်နေပါတယ်။
ထိုင်းနိုင်ငံမှာလည်း ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြိး အနီရောင်အဆင့်သတိပေးမှုများ ပြုလုပ်လာာရာ ပြီးခဲ့သည့်ရက်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၇ဦးကို တွေ့ရှိကြောင်း Chiang Mai City News တွင်ဖော်ပြထားသည်။
ဘရာဇီးနိုင်ငံမှာ စတင်တွေ့ရှိတဲ့ ဇီကာဗိုင်းရပ်စ်ဟာ အီးဒီစ် ခြင်ကျားကိုက်ခံရမှုမှ တဆင့် ကူးဆက် ခံရခြင်း ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရပါက မွေးဖွားလာသည့် ကလေးငယ်များမှာ ဦးနှောက်ချို့ယွင်းကာ ခေါင်း သေးနေသည့် ကလေးငယ်များ မွေးဖွားလာခြင်းဖြစ်သည်။