ဘီလာရုစ်နိုင်ငံ မင့်စ်မြို့မှ အီတလီနိုင်ငံ မီလန်မြို့သို့ ပျံသန်းနေသည့် ခရီးသည် တင်လေယာဉ်တစီး ပေါ်တွင် ဗုံးပါရှိသည်ဆိုကာ ဗုံးလန့်မှုဖြစ်ပွားသည့်အတွက် လေယာဉ်ခရီးစဉ် နောက်ကျမှုဖြစ်ပေါ် ခဲ့ကြောင်းသိရပါတယ်။
မင့်စ်ရဲတပ်ဖွဲ့မှ အရာရှိ လပ်စ်တိုဗက်စကီးက အမည်မသိလူတဦးက မင့်စ်-မီလန်ပျံသန်းသည့် လေယာဉ်ခရီးစဉ် B2-881 တွင် ဗုံးပါရှိသည်ဟု ဖုံးဆက်ပြောဆိုသည့်အတွက် ကျွမ်းကျင်ပည်ရှင်များက ရှာဖွေခြင်းဖြစ်ကြောင်း ပြောပါတယ်။ လေယာဉ် ခရီးစဉ်မှာ တနာရီခန့် နောက်ကျပြီးမှ ထွက်ရကြောင်းသိရပါတယ်။