သတင်းတို

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံဘဏ္ဍာရေး ၀န်ကြီးဌာနအောက်သို့ လွှဲပြောင်းမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (MYANMA AGRICULTURAL DEVELOPMENT BANK)ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယင်းဘဏ်အနေဖြင့် လယ်သမားများကို ချေးငွေထုတ်ချေးရာတွင် ကြန့်ကြာမှုများ ရှိနေခြင်း များကြောင့် ငွေကြေးတိုက်ရိုက် ခွင့်ပြုပေး နိုင်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ အောင်သူက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

Loading