ထိုင်းတောင်ပိုင်း ပတ္တနီပြည်နယ်၌ ပြီးခဲ့သည့် စနေနေ့က ရထားလမ်းဗုံးခွဲခံရပြီးနောက် ရထားလမ်းလုံ ခြုံရေး အတွက် မောင်းသူမဲ့လေယာဉ်များကို အသုံးပြု ကင်းလှည့်သွားမည်ဟု ဒုဝန်ကြီးချုပ် Prawit Wongsuwon က ယနေ့ပြောဆိုကြောင်း Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါ မောင်းသူမဲ့လေယာဉ်များဟာ ဟတ်ယိုင်နှင့် Sungai Kolok ရထားလမ်းပိုင်းများ လုံခြုံရေး အတွက် စစ်သားများ၊ ရဲများနှင့် မီးရထားလမ်းလုပ်သားများနှင့် အတူလုပ်ဆောင်သွားမည်ဟု ဆိုပါတယ်။
ပြီးခဲ့သည့် စနေနေ့က တောင်ပိုင်း ပတ္တနီမြို့မှာ ရထားလမ်း ဗုံးခွဲခံရပြီး ရထားတွဲတတွဲ ပျက်စီးကာ မီးရထားဝန်ထမ်းတဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်၊ အဲဒီအတွက် ပြည်နယ် ၃ခုက ရထားလမ်း တွေကိုလည်း ရပ်ဆိုင်းထားခဲ့ပါတယ်၊ ဒါပေမယ့် လာမည့် တနင်္လာနေ့မှာတော့ ပြန်လည်ဖွင့်လှစ်သွား မယ်လို့ သိရပါတယ်။