ထိုင်းနိုင်ငံ၌ ပြည်နယ် ၄ခုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ဦးရှိနေပြီဖြစ်ပြီး၊ ထိုအထဲတွင် မြန်မာ အမျိုးသမီး ကိုယ်ဝန်ဆောင်တဦးလည်း ပါဝင်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားပါ တယ်။
ဇီကာဗိုင်းရပ်စ်တွေ့ရှိသည့် ဒေသများမှာ မြောက်ပိုင်းရှိ ချင်းမိုင်၊ ပက်ချာဘန်၊ ဘန့်ခန်နှင့် ချန်သာဘူရီ တို့တွင်ဖြစ်ပြီး၊ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါ တယ်။
ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဆန်ဆိုင်းခရိုင်မှာ အသက် ၂၆နှစ်အရွယ် မြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင်တဦးနှင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုသမီးတဦးမှာ ဇီကာဗိုင်းရပ်စ် တွေ့ရှိ ခဲ့ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
အဆိုပါ မြန်မာအမျိုးသမီးမှာ ကိုယ်ဝန် ၈လရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ တလခန့်က ဆန်ဆိုင်းဧရိယာမှာ လာ ရောက်နေထိုင်တာဖြစ်ကြောင်း၊ ကိုယ်ခန္ဓာမှာ အဖုအပိန့်များထွက်ပေါ်ခြင်းမရှိသော်လည်း လည် ချောင်းနာကြောင်း၊ ထိုင်းကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ကိုယ်ခန္ဓာမှာ အဖုအပိန့်များ ထွက်ပေါ် ကြောင်းသိရပါတယ်။
ဆန်ဆိုင်ခရိုင် အာဏာပိုင်တွေကတော့ ဒေသတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် ၃၃၂ ဦးအပါအဝင် လူ ပေါင်း ၄၂၇ဦး ကို စစ်ဆေးရာ ၁၁ဦးမှာ ဇီကာဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။