သတင်းတို

အမေရိကန် အာရှ ပစိဖိတ်မှာ ဆက်ရှိနေမယ်

Want create site? Find Free WordPress Themes and plugins.

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံကို တက်နေတဲ့ သမ္မတ အိုဘားမားက အာရှပစိဖိတ်ဒေသတွင်းမှာ အမေရိကန်ဟာ ဆက်ရှိနေမှာဖြစ်ပြီး ဒီဒေသအတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားဟာ အသစ်အဆန်းမဟုတ်တဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။

သူဟာ အမေရိကန် သမ္မတ တဦးအနနဲ့ နိုင်ငံခြားရေး မူဝါဒကို ဖေါ်ဆောင်တဲ့အခါမှာ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုပြီး နက်ရှိုင်း တိုးတက်သွားအောင် လုပ်ဖို့ပဲဖြစ်တယ်လို့ပြောခဲ့ပြီး ဒီပေါ်လစီအပေါ်မှာလည်း သူက ယုံကြည် စိတ်ချမှုရှိနေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို ပြောဆိုရာမှာလည်း အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီးနက်ရှိုင်း နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဝါရှင်တန်အနေနဲ့ တရုတ်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ပြီး တာဝန်သိတဲ့ ခေါင်းဆောင်တဦး အနေနဲ့ နိုင်ငံတကာ အရေး အခင်း၊ အကျင်းတွေမှာ ဝင်ရောက်လာတာကို ကြိုဆိုနေမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်ချက်ဟာ အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာကတော့ နိုင်ငံတကာ ဥပဒေ ခွင့်ပြုသမျှ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်ဒေသတွင်းမှာ သူ့ရဲ့ သင်္ဘောတွေ၊ လေယာဉ်ပျံတွေ၊ ဆက်လက်ပြီး ပျံသန်း၊ ခုတ်မောင်းနေမှာဖြစ်ပြီး အခြားနိုင်ငံတွေလည်း ဒီလိုပဲလုပ်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading