သတင်းတို

၂၀၁၆ တန်ဖိုးနည်းအိမ်ရာဆွေးနွေးပွဲ IBC ၌ ကျင်းပမည်

Want create site? Find Free WordPress Themes and plugins.

အိမ်ခြံမြေကဏ္ဍ ကျွမ်းကျင်သူများနှင့် ယင်းကဏ္ဍတွင် သြဇာကြီးမားသူများ တက်ရောက်ပါဝင် ဆွေးနွေးမည့် “၂၀၁၆ တန်ဖိုးနည်းအိမ်ရာ ဆွေးနွေးပွဲ” ကို စက်တင်ဘာ ၁၇ ရက်တွင် International Business Center (IBC) ၌ ပြုလုပ်မည် ဖြစ်သည်။

ထိုဆွေးနွေးပွဲ၌ တန်ဖိုးနည်းအိမ်ရာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး၊ ထိုပွဲကို မြန်မာနိုင်ငံ အွန်လိုင်းအိမ်ခြံမြေ ရောင်း/ဝယ်/ငှား ကွန်ရက် တခုဖြစ်သော House.com.mm က ကြီးမှူးပြုလုပ်ခြင်း ဖြစ်ကြောင်း House.com.mm ၏ Cofounder နှင့် Managing Director ဖြစ်သူ Mr. NiteshKhirwal က ပြောသည်။

Mr. NiteshKhirwal က “ မြန်မာနိုင်ငံဟာ အစိုးရသစ် ပြောင်းလဲခြင်းနဲ့အတူ ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ် နေချိန်ဖြစ်ပါတယ်။ ဒီပြောင်းလဲလုပ်ဆောင်ခြင်းများထဲမှာမှ အိမ်ရာမဲ့ပြည်သူတွေအတွက် အိမ်ရာဖော်ဆောင်မှု အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဖော်ဆောင်မှု ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုဆွေးနွေးပွဲ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် ဒုညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုး တို့က တန်ဖိုးနည်းအိမ်ရာများနှင့် ပတ်သက်ပြီး အစိုးရလုပ်ငန်းကဏ္ဍများအကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ် ( CHDB ) ဒုဥက္ကဌ ဦးသာဌေးက Housing Saving နှင့် တန်ဖိုးနည်းအိမ်ရာများနှင့် ပတ်သက်သော ချေးငွေစနစ်များ အကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေး ညွန်ကြားရေးမှူး ဒေါက်တာ တိုးအောင်နှင့် UN-Habitat မှ သက်ဆိုင်ရာပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ဝင်ရောက်ဆွေးနွေးမည် ဖြစ်သည်။

ဧရာဝတီသတင်းထောက် မေစိုးစံ ရေးသားပေးပို့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading