ရန်ကုုန်မြို့လယ် ဗိုုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုုံဘုုရားလမ်းဆုုံရာတွင် တည်ဆောက်နေသော Junction City စီမံကိန်း၏ ဒုုတိယအဆင့်တွင် စင်ကာပူနုုိင်ငံမှ Keppel Land Limited က ရှယ်ယာ ၄၀ ရာခိုုင်နှုန်း ထည့်ဝင်မည်ဖြစ်ကြောင်း၊ အဆုုိပါ စီမံကိန်းသည် ရွှေတောင် က တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုုနှစ်တွင် စတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Junction City တွင် Premium Serviced Residences ၊ရုုံးခန်းများ၊ စျေးဝယ်စင်တာ၊ မြေအောက်ကားပါကင်၊ အထပ်မြင့်ကားပါကင် အဆောက်အဦများ၊ Sedona Suites များ ပါ၀င်မည်ဖြစ်ကြောင်း သိရှိရသည်။
COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး
လူမှုကွန်ရက်တွင် ဈေးဝယ်စင်တာများ ပိတ်သိမ်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက City Mart၊ မြန်မာပလာဇာ နှင့် Junction City စသည့် ဈေးဝယ်စင်တာများမှ တာဝန် ရှိသူများကို ဆက်သွယ်မေးမြန်းရာ လတ်တလော တွင်...