မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုတခု ယနေ့ နံနက်က ပြုလုပ်လိုက်ကြောင်း နိုင်ငံပိုင် ဗဟိုရုပ်မြင်သံကြားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြုံးယမ်းရဲ့ ကြေညာချက်မှာ ဒီလုပ် ဆောင်ချက်ဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားတဲ့ ဒုံးပျံများ ပစ်လွှတ်နိုင်တဲ့ စွမ်းရည်ကို ပြသတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယား စစ်ဘက်ကလည်း မြောက်ကိုရီးဟာ သူတို့ရဲ့ ၆၈နှစ်မြောက် ကိုရီးယား ဒီမိုကရက်တစ်နိုင်ငံ တည်ထောင်ခြင်း အကြိုမှာ ၅ ကြိမ်မြောက် နျူကလီးယားစမ်း သပ်မှုကို ပြုလုပ်ကြောင်း ပြောပါတယ်။
ယနေ့နံနက်က ပြုလုပ်တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် တုန်ခါမှုဟာ ပြင်းအား ၅.၃ မဂ္ဂနီကျု့ရှိကြောင်း အမေရိကန် ငလျင်တိုင်းတာရေးဌာနက ကြေညာခဲ့သလို၊ တရုတ်၊ ရုရှား တို့ကလည်း ပြင်းအားကြီးမားသည့် တုန်ခါမှုဖြစ်သွားကြောင်း ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေငုပ်သငေ်္ဘာမှနေပြီး ပဲထိန်းဒုံးပျံ ပစ်လွှတ်လိုက်ရာ ဂျပန်ကာကွယ်ရေးလေပိုင်နက် အတွင်းဝင်ရောက်ခဲ့တာကြောင့် ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါ သေးတယ်။