သတင်းတို

ဘန်ကောက်တွင် မြန်မာသူနာပြုထံမှ ဘတ် ၆ သိန်းဖိုး ပစ္စည်းလုသည့် ထိုင်းတဦးကို ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လည်ပတ်နေသည့် မြန်မာ သူနာပြုတဦးထံမှ ဘတ် ၆ သိန်းဖိုး တန်ဖိုုးရှိ လက်ဝတ် ရတနာများ၊ အမေရိကန်ဒေါ်လာများ လုယက်သွားသည့် အသက် ၂၇ နှစ်အရွယ် ထိုုင်းနိုုင်ငံသားတဦး ဖမ်းဆီးထားကြောင်း ဘန်ကောက်ပိုု့စ်သတင်းအရ သိရှိရသည်။

Songkhram Chanama ကို ယမန်နေ့ က ဘန်ကောက်မြို့တွင် ခိုုးမှုဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းရဲဗိုလ်ချုပ် Sompong Chingduang ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုုသည်။

အဆိုပါဖမ်းဆီးမှုသည် အင်္ဂလန်နိုင်ငံတွင် အလုုပ်လုုပ်သည့် မြန်မာသူနာပြုက ဘန်ကောက်မြို့ လာရောက်လည်ပတ်ချိန်တွင် သူ၏ လက်ဝတ်ရတနာများ၊ အမေရိကန်ဒေါ်လာ များ အပါအဝင် စုစုပေါင်း ဘတ် ၆ သိန်း တန်ဖိုုးရှိ ပစ္စည်များပါဝင်သော လက်ဆွဲအိတ် လုယက်ခံရကြောင်း စက်တင် ဘာလ ၃ ရက်နေ့တွင် သတင်းပိုု့ တိုုင်ကြားပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading