ဗီယက်နမ်နိုင်ငံ၊ လေကြောင်းညွှန်ကြားမှုဌာနက စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ညွှန်ကြားချက် အရ Vietjet လေကြောင်းလိုင်းမှ Samsung Galaxy Note 7 ဖုန်းအမျိုးအစားကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့် မပြုရန် တရားဝင်ထုတ်ပြန်လိုက်သည်။
ထပ်မံ ညွှန်ကြားချက် မထွက်မချင်း Vietjet က မည်သည့် စမတ်ဖုန်း အမျိုးအစားကိုမဆို လေယာဉ်ပေါ်တွင် အသုံးပြုခြင်းနှင့် အားသွင်းခြင်းများလည်း မပြုလုပ်ရန် ညွှန်ကြားထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တားမြစ်ချက်များမှာ စမတ်ဖုန်းများ အားသွင်းထားစဉ် ပေါက်ကွဲ၍ မီးလောင်ခြင်း အဖြစ်အပျက်များကို တွေ့ရှိရသဖြင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းညွှန်ကြားမှုဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။
သတိပေးချက်ကို Vietjet လေကြောင်း တရားဝင်ဝဘ်ဆိုက် (www.vietjetair.com)၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ Vietjet check-in ကောင်တာများ၊ နိုင်ငံတကာ လေဆိပ်များတွင် ထုတ်ပြန်ထားသည်။ Vietjet လေယာဉ်များပေါ်ရှိ တီဗီများတွင်လည်း ထုတ်ပြန်သွားမည်ဟု သိရသည်။