ဆူပါ တိုင်ဖွန်းမုန်တိုင်း မာရန်တီဟာ ထိုင်ဝမ်ကျွန်းကို ဝင်ရောက်ဖို့ ဦးတည်နေတဲ့အတွက်ရုံးများနှင့် ကျောင်းများကို ပိတ်ထားဖို့၊ ကမ်းလွန်ကျွန်းများမှာ ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသွား ၁၈၀၀ ခန့်ကို လည်း ပြောင်းရွေ့ဖို့ အာဏာပိုင်တွေက သတိပေးနှိုးဆော်ထားပါတယ်။
သဘာဝဘေးအန္တရာယ်သတိပေးမှုဌာန အဆိုအအရ မနေ့မနက်ကတည်းက တနာရီ ၃၆၀ကီလိုနှုန်းနဲ့ လေပြင်းတိုက်ခတ်နေပြီး၊ ၁၅မီတာအမြင်ရှိ လှိုင်းလုံးများ ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။
ကြိုတင်ခန့်မှန်းချက်တွေအရ မုန်တိုင်းကြောင့် မိုးကြီးခြင်းရေကြီးခြင်း၊ လေတိုက်ခတ်မှုကြောင့် အပျက် အစီးများဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းမှုတွေရှိနေပါတယ်။
ထိုင်ဝမ် မိုးလေဝသ ဗျူရိုက နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတချို့၊ တိုင်နန်နဲ့ Kaohsiung မြို့တွေမှာ သတိပေးမှုတွေ ထုတ်ပြန်ထားပေမယ့်၊ ဝေးလံသည့်ဒေသမှ တချို့သောသူများဟာမုန်တိုင်း ဒဏ်ကို ခံနိုင်ဖို့ ကောင်းကောင်းမပြင်ဆင်ရသေးဘူးလို့ China Post သတင်းစာကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ကလည်း ဆူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၆ထောင်ကျော်သေဆုံးခဲ့ရပါသေးတယ်။
ယခုဖြစ်ပေါ်နေတဲ့ ဆူပါတိုင်ဖွန်းမုန်တိုင်း မာရန်တီကတော့ ထိုင်ဝမ်နိုင်ငံကို ဖြတ်ကျော်ပြီး တရုတ်ပြည် ကိုဝင်ရောက်ဖို့ ရှိနေပါတယ်။