သတင်းတို

ချင်းမိုင်ဒေသရှိ ခရိုင် ၂ခု၌ ရေကြီးရေလျံမှု သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်ဒေသအတွင်းရှိ ဆန်ကဖန်းနှင့် မယ့်ကျန်း ခရိုင်များ၌ မနေ့ညက မိုးကြီးသည့် အတွက် ရေကြီး ရေလျံမှုများ ဖြစ်လာနိုင်ကြောင်း၊ ဒေသအာဏာပိုင်များက သတိပေးချက်ထုတ်ပြန် ထားတယ် လို့ Bangkok Post သတင်းကဆိုပါတယ်။

ချင်းမိုင် သဘာဝဘေးအန္တရာယ်တားဆီးရေးနှင့်လျော့ပါးရေးဌာန အကြီးအကဲ Pairin Limcharoen ပြောဆိုချက်အရ ဆန်ကဖန်းခရိုင်မှာတော့ ရေတားဖို့ သဲအိတ် ၁၅၀၀၀ ချထားကြောင်းဆိုပါတယ်။

ဆန်ကဖန်းဧရိယာက ကျေးရွာတွေနဲ့ စိုက်ခင်းတွေဟာလည်း မယ့်အွန်ချောင်း ရေလျံမှုကြောင့် နစ်မြုပ် နိုင်သလို မယ့်ကျန်းချောင်းရေလျံမှုကြောင့်လည်း မယ့်ကျန်းခရိုင် မယ့်နခွန်မှာရှိတဲ့ ကျေးရွာတွေကို ရေလွှမ်းနိုင်တယ်လို့ သိရပါတယ်။

ယနေ့မနက်မှာတော့ မယ့်ကျန်းချောင်းဟာ ၃.၆၆ မီတာအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံဘက်ခြမ်းက တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ ၀မ်ကောင်း၊ တာလော့၊ ဆန်ဆိုင်း(က/ခ)၊ မယ်ခေါင် စတဲ့ ရပ်ကွက်တွေမှာလည်း ရေကြီးရေလျံမှုတွေဖြစ်ခဲ့ပါတယ်။

Loading