သတင်းတို

ဒေါ်အောင်ဆန်းစုကြည် နှင့် စီးပွားရေး လုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံမည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် စီးပွားရေး လုပ်ငန်းရှင်များ နေပြည်တော်ရှိ MICC – 2 တွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ၌ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ ခေါင်းစဉ်ဖြင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုအမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ဧရာဝတီသို့ ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ သတင်းမီဒီယာများကိုလည်း တက်ရောက် သတင်းယူခွင့် ပေးမည်ဖြစ်ကြောင်း၊ ပွဲအစီအစဉ် အသေးစိတ်ကိုမူ မသိရသေးဟု ဦးမျိုးမြင့်မောင်က ပြောသည်။

စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးဇော်ဇော်က “ကျနော်တို့ဆီကို တရားဝင် ဖိတ်တာမျိုး မရှိသေးပါဘူး။ သိရရင် ပြောပါ့မယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများ ရုတ်သိမ်းလိုက်ပြီးနောက် ယခုကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတခု နေပြည်တော်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Loading