ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိသည့် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးမှူးများကိုု အရေးယူပေးရန် ဧရာဝတီတိုင်းရှိ မြို့နယ် ရ ခုမှ ရေလုပ်သားများက တောင်းဆို လိုက် ကြောင်း သတင်းရရှိသည်။
တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးမှူးများကြောင့် ဒေသခံရေလုပ်သားများ နစ်နာ ဆုံးရှုံး နေရသည့်ကိစ္စများကို ပန်းတနော်၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ် တို့မှ ရေလုပ်သားများစုပေါင်း၍ ပုသိမ်မြို့ရှိ M 2 စားသောက်ဆိုင်တွင် ယမန်နေ့ ညနေပိုင်းက သတင်း စာရှင်း လင်းပွဲ တရပ်ကျင်းပ၍ ရေလုပ်သားများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“အစိုးရအဖွဲ့က ဒေသခံရေလုပ်သားငယ်တွေအပေါ်မှာ စေတနာထားပြီး အင်းတွေကို ချထားပေးပါလျက်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်မှာရှိတဲ့ အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးမှူးတွေက တာဝန်ပျက်ကွက်ပြီး ဒေသခံ ရေလုပ်သား တွေအတွက် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးခြင်းမရှိဘူး။ ဒါကြောင့် အစိုးရကို သိက္ခာ ကျအောင် လုပ် နေတဲ့ ငါးလုပ်ငန်းဦးစီးမှူးတွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူအနေနဲ့ သေချာ ကြပ်မတ်ပြီး အရေးယူပေးစေလိုပါတယ်”ဟု သာပေါင်းမြို့နယ်မှ ရေလုပ်သားတဦးဖြစ်သည့် ဦးမျိုးမင်းထွန်းက ပြောသည်။
ဧရာဝတီတိုင်းရှိ အဆင့်ဆင့်သော ငါးလုပ်ငန်းဦးစီးမှူးများအနေဖြင့် တိုင်းအစိုးရကက်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက် ရ ချက်အတိုင်း အကောင်အထည်ဖော်ခြင်းမရှိဘဲ အချိန်ဆွဲခြင်း၊ ဥပဒေချိုးဖောက်နေသည့် အင်း သားကြီးများဘက်မှ အကာအကွယ်ပေးခြင်း၊ အင်းလုပ်ကိုင်ခွင့်ကို ဒေသခံရေလုပ်သားအဖွဲ့များကို ချမပေး ဘဲ အင်းသားကြီးများဖွဲ့စည်းထားသည့် ရေလုပ်သားအဖွဲ့များကိုသာ ချထားပေးခြင်း၊ ၀န်ကြီးကိုယ်တိုင် အင်း လုပ် ကိုင်ခွင့် ချပေးသည်ကို အောက်ခြေအား ဆက်လက်ညွန်ကြားခြင်းမရှိဘဲ အမိန့်စာများ ထိမ်ချန် ထားခြင်း စသည်တို့ လုပ်ဆောင်နေသည်ဟု မြို့နယ် ရ ခုမှ ရေလုပ်သားများက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။