သတင်းတို

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၂၆ဦး အထိမြင့်တက်လာ

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှု၊ မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ ၂၆ဦးအထိမြင့်တက်လာပြီး ပျောက်ဆုံးသူများလည်း ၁၉ ဦးအထိရှိလာကြောင်း အာဏာပိုင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းက ဆိုပါတယ်။

ဂျာဗားကျွန်း ဂါရတ် ဒေသမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ၂၃ဦးသေဆုံးကာ ၁၈ဦး ပျောက် ဆုံးနေပြီး၊ သေဆုံးသူနဲ့ ပျောက်ဆုံး သူ တွေထဲမှာ ၁၂နှစ်အောက် ကလေး ၁၂ဦးခန့် ပါ၀င်ကာ အကူ အညီတွေ ပေးမှုတွေပြုလုပ်နေရကြောင်း အင်ဒိုနီးရှား အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီရဲ့အဆိုအရ သိရပါတယ်။

ရေပြန်ကျသွားတဲ့နောက်မှာ လမ်းတွေပေါ်မှာ ရွံတွေ၊ အုတ်ကျိုး အုတ်ပဲ့တွေ၊ အပျက်အစီး အပိုင်းအစတွေ၊ ရေစီးဖြင့်မျောပါလာသည့် ကားတွေ ကို မြင်တွေ့ရပါတယ်။

ဂါရတ်ဒေသမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်သားတွေ ဟာ ပျောက်ဆုံး သူတွေကို ရှာဖွေနေပြီး မောင်း သူမဲ့ လေယာဉ်တွေနဲ့လည်း အပျက်အစီးမှု အတိုင်းအတာကို လေ့လာခဲ့တယ်လို့သိရပါတယ်။

လတ်တလော အိုးအိမ်မဲ့သွားတဲ့ လူပေါင်း ၄၃၀ကို ယာယီနေထိုင်နိုင်တဲ့ အဆောက်အဦးတွေ၊ အိုးခွက်တွေ၊ စောင်နဲ့ အဝတ်အစားတွေ ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

ပျက်စီးမှုအတိုင်းအတာနဲ့ အကူအညီလိုအပ်မှုတွေကိုလည်း သမ္မတ ဂျိုကို၀ီထံ အစီရင်ခံစာတစောင် ပေးပို့ထားတယ်လို့သိရပါတယ်။

အနောက်ဂျာဗားကျွန်း Sumedang ခရိုင်မှာလည်း မြေပြိုမှုကြောင့် လူတဦးပျောက်ဆုံးကာ ၃ဦးသေ ဆုံးသွားတယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီမှ Sutopo Purwo Nugroho မှ AFP သတင်းကိုပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading