အမေရိကန်က သူ့ရဲ့ မဟာဗျူဟာမြောက် B-1B Lancer အမျိုးအစား ဗုံးကြဲလေယာဉ် ၂စီးကို ကိုရီးယားကျွန်းဆွယ်ပေါ်မှာ မနေ့က ဒုတိယအကြိမ် ပျံသန်းကာ အင်အားပြလိုက်ကြောင်း အမေရိကန် ပစ္စဖိတ်တပ်တော်စုက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ မဟာဗျူဟာမြောက် B-1B Lancer အမျိုးအစား ဗုံးကြဲလေယာဉ် ၂စီးဟာ ဂူအမ်ကျွန်းရှိ အန်ဒါဆင်လေတပ်စခန်းမှ တောင်ကိုရီးယားနိုင်ငံ အူဆန်လေတပ်စခန်းသို့ ပျံသန်းခဲ့ခြင်းဖြစ်ပြီး၊ ဒါဟာ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့အပြုအမူတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ အလျော့ ပေးမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါ တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့က မြောက်ကိုရီးယားရဲ့ ၅ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြု လုပ်ခဲ့ပြီးနောက်၊ ၅ရက်အကြာ အမေရိကန်က မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကြီး များကို ပျံသန်း ကာ အင်အားပြသခဲ့ပြိီးနောက်၊ ယခု ဒုတိယအကြိမ်ထပ်မံပျံသန်းခဲ့ခြင်းဖြစ်ပါတယ်။
ယခုတကြိမ်ပျံသန်းမှုဟာ မြောက်ကိုရီးယားနှင့် အနီးဆုံးအထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံပိုင် ယွန်ဟပ်သတင်းကဆိုပါတယ်။
မဟာဗျူဟာမြောက် B-1B Lancer အမျိုးအစား ဗုံးကြဲလေယာဉ်တွေဟာ နျူကလီးယား လက်နက် တွေကို တင်ဆောင်ပျံသန်းနိုင်တယ်ပါတယ်။
ယခုအခါ မြောက်ကိုရီးယားဟာ ဂြိုလ်တုလွှတ်တင်ရန် အကြောင်းပြချက်နဲ့ ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် ဒုံးပျံ အင်ဂျင် စမ်းသပ်ခဲ့ပါသေးတယ်။