သတင်းတို

ကြောင်များသတ်ဖြတ်မှုဖြင့် ထိုင်းအမျိုးသားတဦး ထောင် ၁၈လ ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အသက် ၂၆နှစ်အရွယ် Panuwat Singsahut ဆိုသူ မော်တော်ဆိုင် ကယ်တက္ကစီ ယာဉ်မောင်းတဦးကို ကြောင် ၉ကောင်အား ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ဘန်ကောက်မြို့ မြောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၁၈လ ချမှတ်လိုက်ပါတယ်။

Panuwat Singsahut ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်မှစတင်ကာ ၁၈၊ ၂၀၊ ၂၄၊ ၂၆၊ ၂၉၊ ၃၀၊ ၃၁ ရက်များမှာ သူ့ရဲ့ အခန်းမှာ ကြောင်တွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ တရားရုံးက ဒဏ်ငွေ ဘတ် ၂သောင်းချမှတ်ပြီးဖြစ်ပေမယ့် သူဟာ တိရစ္ဆာန် ညှင်းပမ်းမှု ကာကွယ်တားဆီရေးနဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက် တာထင်ရှားတဲ့အတွက် ပြန်လည်စစ်ဆေးပြီး စက်တင်ဘာ ၂၁ရက်နေ့မှာ သူ့ကို ထောင်ဒဏ် ၃၆လ ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ကျုးလွန်တယ်လို့ တရားရုံးမှာ ဝန်ခံခဲ့တဲ့အတွက် ပြစ်ဒဏ်တဝက်လျော့ချပေးခဲ့တဲ့ အတွက် ထောင်ဒဏ် ၁၈လ ကျခံရမှာဖြစ်ပါတယ်။သူ့ရဲ့ဆွေမျိုးတွေကတော့ အယူခံတင်မယ်လို့ ဆိုပါတယ်။

သူဟာ ကြောင်တွေကို သတ်တယ်ဆိုတာကို တိရစ္ဆာန်ချစ်ခင်သူများ အဖွဲ့ကနေ Facebook က တဆင့့်ခြေရာခံမိတာဖြစ်ပြီး၊ ရဲက သူနေတဲ့အခန်းကို ဝင်ရောက်ရှာဖွေရာမှာ ကြောင်သေတွေကို တွေ့ရတဲ့အပြင် သူကိုယ်တိုင်ကလည်း သတ်ကြောင်း ဝန်ခံခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading