သတင်းတို

ပါကစ္စတန်- ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မည်

Want create site? Find Free WordPress Themes and plugins.

“Friendship 2016”ဟု အမည်ပေးထားသည့် ပထမဆုံးအကြိမ် ရုရှား- ပါကစ္စတန် ပူးတွဲစစ်ရေး လေ့ကျင်မှုကို မနက်ဖြန် စက်တင်ဘာ ၂၄ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၁၀ရက်နေ့အထိ ပါကစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန်သတင်းများဖော်ပြထားသည်။

ထို့အတွက် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနှင့်ပါကစ္စတန်မှ စစ်သည် ၂၀၀ ပါဝင်မည်ဖြစ်ပြီး ရုရှား စစ်သည်များ ပါကစ္စတန်နိုင်ငံသို့ ရောက်လာပြီဖြစ် ကြောင်းလည်းသိရသည်။

မူလ အိန္ဒိယသတင်းဌာနများအဆိုအရ စစ်ရေးလေ့ကျင့်မှုကို ရုရှားဘက်က ဖျက်သိမ်းလိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်ဟု ဆိုသော်လည်း ရုရှားနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး Qazi Khalilullah က ယင်းသတင်းများကို ငြင်းဆိုလိုက်သည်။

စစ်ရေးလေ့ကျင့်မှုရည်ရွယ်ချက်မှာ နှစ်နိုင်ငံ စစ်ရေး၊ ကာကွယ်ရေးနှင့် စစ်ဘက်နည်းပညာပိုင်းကို တိုးမြှင့်ရန်ဖြစ်ကြောင်း ပါကစ္စတန်သံအမတ်ကြီး Khalilullah ကဆိုသည်။

ပါကစ္စတန်သည် အမေရိကန်၊ တရုတ်တို့နှင့်သာ စစ်ရေးဆက်ဆံမှုရှိခဲ့သလို၊ ရုရှားသည်လည်း အိန္ဒိယ၏ စစ်ရေးမဟာမိတ်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading