သတင်းတို

ဂျပန်နှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးချဲ့မည်

ဂျပန်နှင့် မြန်မာ ၂ နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာအောင်ဆောင်ရွက်ရန် ဂျပန် ကာကွယ်ရေးဝန်ကြီး တိုမိုမိအိနဒနှင့် မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်ဟု ဂျပန် အစိုးရတာဝန်ရှိသူ တဦးက Kyodo သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကတိကဝတ်အရ ဂျပန်နိုင်ငံက မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည် တိုးတက်ရေး အတွက် ကူညီပေးလိမ့်မည် ဖြစ်သည်။

သဘောတူညီခဲ့သော ၂ နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများထဲတွင် မြန်မာ့တပ်မတော်မှ စေလွှတ်သော ကျောင်းသားများကို ဂျပန်အမျိုးသား ကာကွယ်ရေး အကယ်ဒမီတွင် လက်ခံရေးလည်း ပါဝင်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

တိုကျိုမြို့၌ တွေ့ဆုံခဲ့ရာတွင် ကာကွယ်ရေး ဝန်ကြီး ၂ ဦးက အရှေ့နှင့် တောင်တရုတ်ပင်လယ် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ဖလှယ်ခဲ့ကြပြီး အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေးမှုမှတဆင့် ဖြေရှင်းခြင်း၏ အရေးပါမှုကို လက်ခံ အတည်ပြုခဲ့ကြသည်ဟု သိရသည်။

Loading