ဆီးရီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ အကြမ်းဖက်သမား နိမ်နှင်းရေး အထောက်အကူပေးနိုင်ဖို့ ရုရှားက လေယာဉ် တင်သငေ်္ဘာ ကုဇနက်ဆော့ဗ်ကို မြေထဲပင်လယ်သို့ စေလွှတ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu အဆိုအရ အက်ဒမိုင်ရယ် ကုဇနက်ဆော့ဗ် ဦးဆောင်တဲ့ ရေတပ် အုပ်စုကို မြေထဲပင်လယ်သို့ လက်နက်အပြည့်အစုံတပ်ဆင်ကာ စေလွှတ်မည်ဖြစ်ကြောင်း၊ နျူကလီးယား ရေငုပ်သငေ်္ဘာ တစီးလည်းပါဝင်မည်ဖြစ်ပြီး၊ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များဖြစ်သည့် Tu-160 များနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်လည်း ရှိကြောင်းသိရပါတယ်။
လေယာဉ်တင် သငေ်္ဘာကြီး ကုဇနက်ဆော့ဗ်ကို ၁၉၈၅ခုနှစ် ပင်လယ်နက်က ရေတပ်စခန်းမှာ တည်ဆောက် ခဲ့တာဖြစ်ပြီး၊ ဆူခွိုင်းအမျိုးအစား Su-33 တိုက်လေယာဉ်များ၊ Ka-27 နှင့် Ka-27s အမျိုးအစား ရေငုပ်သငေ်္ဘာ တိုက်ဖျက်ရေး ရဟတ်ယာဉ်များ တပ်ဆင်ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အဆင့်မြှင့်ထားတဲ့ Ka-52 K အမျိုးအစား ထောက်လှမ်းရေးနဲ့ တိုက်ခတ်ရေး ရဟတ်ယာဉ်များကို ထပ်မံဖြည့်တင်းခဲ့ပါတယ်။

ဒါပြင် Granit အမျိုးအစား ခရူဇာသငေ်္ဘာတိုက်ဖျက်ရေး ဒုံးပစ်လောင်ချာ ၁၂စင်းနဲ့ Kortik နဲ့ Kinzhal အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး စနစ်နဲ့ လောင်ချာတွေကိုလည်း တပ်ဆင်ထားပါတယ်။