သတင်းတို

အိုမန်၌ လိင်ကျွန်ပြုခံနေရသည့် ထိုင်းအမျိုးသမီး ၂၁ဦးလွတ်မြောက်လာ

Want create site? Find Free WordPress Themes and plugins.

အရှေ့အလယ်ပိုင်း အိုမန်နိုင်ငံတွင် လိင်ကျွန်ပြုခံနေရသည့် ထိုင်းအမျိုးသမီး ၂၁ဦးကို အိုမန်ရဲတပ် ဖွဲ့ကကယ်ထုတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း Khaosad သတင်းကဆိုသည်။

အဆိုပါ အမျိုးသမီးများမှာ အိုမန်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု ဖြားယောင်းခေါ်ဆောင်ခံခဲ့ရကာ လိင်ကျွန်ပြုခံရသူများဖြစ်ကြောင်း၊ ပြီးခဲ့သည့် ကြာသာပတေးနေ့က မတ်စကက်မြို့ရှိ အဆောက်အဦး တခုကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရာ လုံခြုံစွာပိတ်ထားသည့် အခန်း ၆ခန်းထဲ၌ အသက် ၂၀မှ ၃၀ အကြားရှိ  နိုင်ငံအသီးသီးမှ အမျိုးသမီးများကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး အိုမန်ပြည့်တန်ဆာဂိုဏ်းနှင့် ဆက်နွယ်နေသည်ဟု သံသယရှိသူ ထိုင်းနိုင်ငံသား ၂ဦးကို ဖမ်းဆီး ထားကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိ Tachai Pitanilabut ကဆိုသည်။

လွန်ခဲ့သည့် ၂လခန့်က ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းခံရသည် ထိုင်းအမျိုးသမီး ၃ဦး လွတ်မြောက် လာပြီးနောက် အဆိုပါအဆောက်အဦးကို အိုမန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ယင်းလွတ်မြောက်လာသည့် ထိုင်းအမျိုးသမီး ၃ဦး ပြောကြားချက်အရ သူတို့၏ နိုင်ငံကူးလက်မှတ် များကို အိုမန်များက သိမ်းဆည်းခဲ့ပြီး၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထွက်ပြေးဖို့ ကြိုးစားမည်ဆို ပါက အကြမ်းဖက်ခြင်းခံရမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိ ကြောင်း၊ ဖောက်သည်အိန္ဒိယနိုင်ငံသားများ၏ အကူအညီဖြင့် ထွက်ပြေးကာ အိုမန်အာဏပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading