တိုင်ဖွန်းမုန်တိုင်း မီဂီဟာ ထိုင်ဝမ်ကျွန်းကို ယနေ့မှာ ၀င်ရောက်လာမှာဖြစ်တဲ့ အတွက် လူထောင်ပေါင်း များစွာကို နေရာရွေ့ပြောင်းခဲ့ရ သလို၊ နိုင်ငံတဝှန်း ရှိ ကျောင်းများ၊ ရုံးများကို ပိတ်ထားလိုက်ပြီး၊ လေယာဉ် ခရီးစဉ်ရာပေါင်းများ စွာကိုလည်း ဖျက်လိုက်ရတယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
တိုင်ဖွန်း မီဂီဟာ ယနေ့ညပိုင်းမှာ နိုင်ငံအရှေ့ပိုင်းကို စတင်ဝင်ရောက် မှာဖြစ်သလို ယနေ့နံနက်ရ နာရီခန့်မှာတော့ နိုင်ငံရဲ့ အရှေ့ပိုင်းကို တနာရီ ၁၂၃ မိုင်နှုန်းနဲ့ လေပြင်းများတိုက်ခတ်ခဲ့တယ်လို့ သိရပြီး ဒါဟာ ၂ပတ်အတွင်း ၃ကြိမ်မြောက် မုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ထိုင်ဝမ် မိုးလေဝသဌာနကတော့ မုန်တို်င်းဟာ ယနေ့ နေ့လည်ပိုင်းမှာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ခြင်း စတင်ဝင်ရောက်မယ်လို့ ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဗဟိုရဲ့အဆိုအရ လူပေါင်း ၅ထောင်ကျော်ကို သူတို့၏ အိုးအိမ်များမှ ရွေ့ပြောင်းပေးကာ၊ လက်ရှိမှာတော့ လူပေါင်း ၂၀၀၀ခန့်မှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ အတွင်း၌လည်းကောင်း ရောက်ရှိနေပြီး၊ လျှပ်စစ်မီးများလည်း ပြတ်တောက်လျှက်ရှိကြောင်း သိရပါတယ်။
နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ် ၅၇၅ ခုကိုလည်း ဖျက်သိမ်းခဲ့ပြီး၊ ၁၀၉ ခုကိုလည်း ရွေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ ရထားခရီးစဉ်များကိုလည်း ရပ်နားခဲ့ပါတယ်။
ရုပ်မြင်သံကြားများမှလည်း နိုင်ငံအရှေ့မြောက်ပိုင်းက အစွန်အဖျားကျတဲ့ Orchid ကျွန်းမှာ ပြင်း ထန်တဲ့ လှိုင်းလုံးကြီး များ တရိပ်ရိပ်တက်လာပုံကို ပြသနေသလို၊ Orchid ကျွန်းနဲ့ Green ကျွန်းမှာ တည်းခိုနေတဲ့ ကမ္ဘာလှည့်ခရီးသွား ၃၇၀၀ ကိုလည်း ပြောင်းရွေ့ပေးပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်နေ့မှာတော့ စူပါတိုင်ဖွန်း မီရန်တီဟာလည်း ထိုင်ဝမ်ကျွန်းကို ၀င်ရောက်ခဲ့ပါသေးတယ်။