သတင်းတို

ပုသိမ်ရှိ ပြည်သူပိုင်နေရာများတွင် အရက်သောက်သူနှင့် လက်နက်ကိုင်ဆောင်သူများကို အရေးယူ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အများပြည်သူအပန်းဖြေရာနေရာများ၌ ညပိုင်းအချိန် ၀ိုင်းဖွဲ့ အရက်သောက်သူများနှင့် လက်နက်ကုုိင်ဆောင်သူများကုုိ  ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က မူးယစ်ရမ်းကားမှု၊ လက်နက်ကုုိင်ဆောင်မှုများဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရှိရသည်။

“ပုသိမ်မြို့က အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာ ၀ိုင်းဖွဲ့ပြီး အရက်သောက်တဲ့အခါကျတော့ ပြည်သူလူထုအပန်းဖြေဖို့ အနှောင့်အယှက်ဖြစ်တယ်။ ပြီးတော့ အမြင်မတင့်တယ်ဘူး။ ဒါကြောင့် ဖမ်းဆီးအရေးယူတာပါ”ဟု စီမံချက်တွင် ပါ၀င်လုပ်ဆောင်နေသူ ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ဧရာဝတီကို ပြောသည်။

ပုသိမ်မြို့ရှိ လူစည်ကားရာလမ်းများ၊ အများပြည်သူအပန်းဖြေရာနေရာများတွင် ယခုလ ၂၁ ရက်နေ့မှ စတင်၍ ပုသိမ်ခရိုင်၊ မြို့နယ်၊ ပုသိမ်မြို့ပေါ်ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များပါ၀င်သည့် ရဲကား ၃ စီး၊ ဆိုင်ကယ်များ အပြင် အချုပ်ကားတစီးလိုက်ပါလျှက် ကင်းလှည့်ဆောင်ရွက်နေပြီး အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို မူးယစ်ရမ်းကားပုဒ်မ ၄၇ ဖြင့် ဖမ်းဆီးအရေးယူနေခြင်း ဖြစ်သည်။

“စစ်ဆေးတာကတော့ ညတိုင်းလှည့်ပြီးစစ်တော့မှာပါ။ အရက်ဝိုင်းဖွဲ့သောက်တာတင်မဟုတ်ပါဘူး၊ ညဘက်ကို တုတ်ဓား လက်နက်တွေ ဆောင်ထားရင်လည်း လက်နက်ကိုင်ဆောင်ပုဒ်မနဲ့ ဖမ်းဆီး အမှုဖွင့်မှာပါ”ဟု ရဲအုပ်သိန်းဇော်ဦးကပြောသည်။

စီမံချက်ကာလ ရ ရက်အတွင်း အမျိုးသမီး ၆ ဦးအပါအဝင် လူပေါင်း ၅၂ ဦးကို မူးယစ်ရမ်းကားမှု
ပုဒ်မ ၄၇ ဖြင့် ဖမ်းဆီးအရေးယူ၍ ပုသိမ်မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ အဆိုပါ အမှုများအား မြို့နယ်တရားရုံးက ထောင်ဒဏ် ၈ ရက် ချမှတ်ခဲ့ကြောင်း သိရသည်။

“ရဲတပ်ဖွဲ့က အခုလို ဆောင်ရွက်တာ ကျနော်တို့တော့ ကြိုက်တယ်။ ကမ်းနားမှာ အပန်းဖြေဖို့ သွားတဲ့အခါ မူးယစ် သောက် စား နေတော့ အပန်းဖြေအနားယူတဲ့လူတွေ အနှောင့်အယှက် ဖြစ်တယ်။ လူဆိုတာ မူးလာရင် ပြဿနာဖြစ်မယ်။ ခိုက် ရန် ဖြစ် မယ်။ အခုလို ဖမ်းဆီးတာတွေလုပ်တော့ အများပြည်သူ အေးဆေး အပန်းဖြေလို့ရတယ်”ဟု ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှ ဦးဆန်းညွန့်က ပြောသည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပုသိမ်မြို့တွင် လှည့်ကင်းများဖြင့် အရက်ဝိုင်းဖွဲ့သောက်သူများကို ဖမ်းဆီး ဆောင်ရွက်နေ သည့်အပြင် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ယာဉ်စည်းကမ်း မလိုက်နာသော ကားနှင့် ဆိုင်ကယ်အားလုံးကို ညအချိန်တွင်ပါ စစ်ဆေးဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဆိုင်ကယ်စီးရေ ၁၀၀၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading