သတင်းတို

တောင်တရုတ်ပင်လယ်၌ ဂျပန်- အမေရိကန် ပူးပေါင်းကင်းလှည့်မည်

ဂျပန်နှင့် အမေရိကန်တို့အနေဖြင့် တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်အစရှိသည့် ဒေသ တွင်းရေတပ်များနှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ခြင်း၊ ကင်းလှည့်ခြင်းများကို ပိုမိုထိတွေ့တိုးမြှင့်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ကာကွယ်ရေးစွမ်းရည်တည်ဆောက်ရာ၌ ဂျပန်က ကူညီမည်ဖြစ်ကြောင်း မနေ့ကဝါရှင်တန်မြို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၌ ပင်တာ ဂွန်စစ် ဌာနချုပ် အကြီးအကဲ အက်ရှ်ကာတာနှင့် ပထမအကြိမ်တွေ့ဆုံစဉ် ဂျပန်ကာကွယ်ရေး ၀န်ကြီး တိုမိုမီ အီနာဒါက ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

ထို့အပြင် ဂျပန်အစိုးရအနေဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို စစ်ရေးအကူအညီများပေးမည်ဆိုသကဲ့သို့  အရှေ့တရုတ်နှင့် တောင်တရုတ်ပင်လယ်မှာ မကြာသေးမီက တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှား ခဲ့မှုများ ကြောင့် ဒေသတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေတာကိုလည်း ဂျပန်ကာကွယ်ရေးဝန်ကြီး ထောက်ပြပြောဆိုခဲ့ပါတယ်။

“ဂျပန်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်မှုနှင့် ဂုဏ်သိက္ခာအပေါ် ကာကွယ်မှုနဲ့ ပတ်သက်ပြီး ကျမတို့ အစိုးရရဲ့ ဖြေရှင်းမှုကိုပြသချင်ပါတယ်၊ ကျမတို့အနေနဲ့ ကိုယ်ပိုင်ကာကွယ်ရေးကို ဆက်လက်အား ထုတ်သွားမှာဖြစ်သလို ဂျပန်- အမေရိကန်မဟာမိတ်လုပ်တာကိုလည်း ထိန်းသိမ်းကာတိုးမြှင့်သွား မှာဖြစ်ပါတယ်” ဂျပန်ကာကွယ်ရေးဝန်ကြီးက တိုမိုမီ အီနာဒါက ပြောပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် ဂျပန်ဟာ ဆန်ကာကူကျွန်း အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တင်းမာမှု ဖြစ်ပွားနေသလို၊ အမေရိကန်ဟာလည်း ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်၊ ထိုင် ၀မ် စတဲ့နိုင်ငံတွေအပေါ် တရုတ်ရဲ့ အနိုင်ကျင့်မှုစတဲ့ ငါသိငါတတ်လုပ်တဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ဝင်လျှက်ရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တရုတ်လေတပ်က လေယာဉ်တွေ ဂျပန်လေပိုင်နက်အနီး ချဉ်းကပ်လာ တဲ့အတွက် ဂျပန်လေတပ်က လေယာဉ်များ အရေးပေါ် တက်ရောက်ဟန့်တားခဲ့ရပါသေးတယ်။

Loading