သတင်းတို

လေပိုင်နက်အနီးကပ်လာသည့် တရုတ်လေယာဉ်များကို ဂျပန်တို့ဟန့်တား

တရုတ်လေတပ်မှ လေယာဉ် ၈စင်းအရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့်ကျွန်းများပေါ်သို့ချဉ်းကပ်လာ သည့်အတွက် ဂျပန်လေတပ်က ဟန့်တားလိုက်ကြောင်း AP သတင်းမှာ ဖော်ပြထား ပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒီ ဆူဂါ ပြောကြားချက်အရ မနေ့ကတရုတ်လေတပ်မှ တိုက်လေယာဉ် ၂စီး၊ ဗုံးကြဲလေယာဉ် ၄စီးနှင့် ကင်းထောက်လေယာဉ် ၂စီးတို့ မီယာကို ရေလက်ကြားကိုဖြတ်ကာ အရှေ့ပင်လယ်ရှိ ဂျပန်တို့ထိန်းချုပ်ရာ ဆန်ကာကူကျွန်းပေါ်ပျံသန်းလာကြောင်း၊ ဂျပန်လေပိုင်နက် ကို ချိုးဖောက်ခြင်းမရှိသော်လည်း ဂျပန်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ခဲ့ရကြောင်း ဆိုပါ တယ်။

ထို့အတွက် အနာဂတ် ဂျပန်လေကြောင်းကာကွယ်ရေးအတွက် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ၎င်းကဆိုပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့လေတပ်မှ H-6K အမျိုးအစား ဗုံးကြဲလေယာဉ်များ၊ ဆူခွိုင်းအမျိုးအစား Su- 30 တိုက်လေယာဉ်များနှင့် ဆီဖြည့်လေယာဉ်များ အပါအဝင် စုစုပေါင်း အစီး၄၀ ကျော်ဟာ ရေလက်ကြားကိုကျော်ကာ လမ်းကြောင်းအတိုင်း ပုံမှန်စစ်ရေးလေ့ကျင့်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ပြောခွင့်ရ ရှန်ဂျင်ကီက အဆိုပါ လေယာဉ်အုပ်စု ဟာ ကင်းထောက်ခြင်း၊ ရန်သူလာရောက်သည်ကို သတိပေးခြင်းနှင့် ပင်လယ်ပြင်ထဲမှ ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် လေထဲ၌ ပျံသန်းနေစဉ် ဆီဖြည့်ခြင်းစသည့် ပင်လယ်အပေါ်၌ တိုက်ခိုက်သည့် စွမ်း ရည်ကို လေ့ကျင့်ကြောင်း ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုနှင့် လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အတွက်ဖြစ်သလို ငြိမ်းချမ်းရေးတိုးတက်မှုကိုလည်း ထိန်းသိမ်းရာရောက်ကြောင်း PLA ပြောခွင့်ရ ရှန်ဂျင်ကီက ဆက်ပြောပါတယ်။

Loading