သတင်းတို

မူးယစ်ဆေးနှင့် အကြမ်းဖက်မှုတားဆီးရေး တရုတ်- မြန်မာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာကောင်းရှန်ခွင်နှင့်အဖွဲ့ ယမန်နေ့ က တွေ့ဆုံကာ မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို ထိရောက်စွာ တားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို ထိခိုက်စေသည့်၊ တရားမဝင်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို တားဆီး ကာကွယ်ရေး၊ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန်သတင်းဖလှယ် ရယူမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးကြောင်းသိရသည်။

Loading