သတင်းတို

ချင်းမိုင်ကိုလည်း Viet Jet ပျံပြီ

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်လေကြောင်းလိုင်း Viet Jet က ထိုင်းနိုင်ငံ ဘန်ကောက်-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်အဖြစ် ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
ဘန်ကောက်-ချင်းမိုင် ခရီးစဉ်မှာ နေ့စဉ်ပြေးဆွဲနေတဲ့ ထိုင်းနဲ့ အခြားလေကြောင်းလိုင်းပေါင်း ၇ လိုင်းရှိပြီး ခရီးသွားများ လာရောက်လည်ပတ်တဲ့နှုန်းဟာ နှစ်စဉ်တိုးတက်လာနေတယ်လို့လည်း သိရပါတယ်။

ချင်းမိုင်လေဆိပ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ ဝင်ရောက်ခဲ့တဲ့ ခရီးသည်ပေါင်း ၅ သန်းနီးပါးရှိခဲ့ပြီး ဈေးနှုန်းချိုတဲ့ budget လေကြောင်းလိုင်းနဲ့လာတဲ့ ဧည့်သည်တွေများတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ ယဉ်ကျေးမှုမြို့တော် ချင်းမိုင်မြို့ဟာ သာယာလှပပြီး၊ ရှေးဟောင်းမြို့တော်ကို လာရောက်လည်ပတ် သူ ကမ္ဘာလှည့်ခရီးသွားဦးရေဟာ နှစ်စဉ်များပြားနေသလို ဆောက်လုပ်ရေးနဲ့ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေလဲ အကြီးအကျယ် တိုးချဲ့နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading