သတင်းတို

မြောက်ကိုရီးယားနှင့် စစ်ရေးဆက်သွယ်မှုဖြတ်ရန် မြန်မာကို အမေရိကန်တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားအကြား စစ်ရေးဆက်သွယ်မှုရှိနိုင်သေး ကြောင်း အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russe က မနေ့က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အထက်လွှတ်တော်၌ ကြားနာစစ်ဆေးပွဲတရပ် မနေ့ကပြုလုပ်သည့် ကော်လိုရာဒို ပြည်နယ် ရီပတ်ဗလီကန် အထက်လွှတ်တော်အမတ် Cory Gradner က မြန်မာ အစိုးရ သစ်တာဝန်ယူပြီးချိန် မြောက်ကိုရီး- မြန်မာဆက်ဆံရေးကို ထည့်သွင်း မေးမြန်းရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Daniel Russelက ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

“စစ်အာဏာရှင်လက်ထက်ကတည်းက ဆက်ဆံလာခဲ့တဲ့ မြောက်ကိုရီးယား- မြန်မာစစ်ဘက်ဆက်ဆံရေး ဟာ အနည်းငယ်တော့ ရှိအုံးမယ်လို့ ကျနော်တို့ထင်တယ်၊ အဲဒီအတွက် အစိုးရသစ်အနေနဲ့ မြန်မာတပ်မတော်နဲ့ လက်တွဲပြီး လုပ်ကိုင်နေတဲ့လူတွေကို တားမြစ်ဖို့လိုတယ်”လို့ သူကပြောပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုနဲ့ ဒုံးပျံများပစ်လွှတ်မှုကြောင့် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုချမှတ်ခြင်းခံထားရပြီး၊ မြောက်ကိုရီးယားနဲ့ လက်နက်ရောင်းဝယ်မှုကိုလည်း ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံပြီနောက် မြန်မာအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်း ရန်နှင့် ကုန်သွယ်မှု အထူး အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် စီစဉ်ခဲ့ပါတယ်။
မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်မှုဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းထားပြီးဖြစ်ပါတယ်။
အမေရိကန်ရဲ့ မြန်မာအပေါ်ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရန် ဆုံးဖြတ်ချက်မချမီ ကွန်ဂရက်ထံမှ လုံလောက်တဲ့ အကြံဉာဏ် ရယူခြင်း မရှိခဲ့မှုအပေါ် ရီပတ်ဗလီကန် အထက်လွှတ်တော်အမတ် Cory Gradnerက ကြားနာမှုမှာ မေးခွန်းထုတ် ထည့် သွင်းပြောဆိုသွားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟ ာ အမေရိကန်ခရီးစဉ်မှာ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တခြားသော စီးပွားရေးလုပ်ငန်းတွေကို ဆက်လက် ပိတ်ဆို့ဖို့ ထောက်ခံတယ်လို့ သူက ပြောခဲ့ပါတယ်။

အဲ့ဒီပြောဆိုမှုနဲ့ ပတ်သက်ပီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russe က တုံပြန်ပြောဆိုရာမှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းကြောင်း မကြေညာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုသမ္မတ ဂျိုးဘိုင်ဒန်၊ အထက်လွှတ်တာ်ကော်မတီဥက္ကဋ္ဌ Bob Corker၊ နှင့် မစ်မက်ကော်နယ်တို့ အပြင် တခြားသော လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သဘောတူမတူ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြောင်း၊ သူမက သဘောတူကြောင်း ပြောဆိုသည့်အတွက် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို သမ္မတအိုဘားမားက ကြေညာခဲ့ ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading