သတင်းတို

Pro Talk အစီအစဉ်တွင် မန္တလေးစာကြည့်တိုက်တည်ထောင်သူ ကိုဇော်ဇော် ပါဝင် ဆွေးနွေးမည်

ရန်ကုုန်မြို့ ရှိ မြန်မာနိုုင်ငံ ကုုန်သည်များနှင့် စက်မှု လက်မှု လုုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ရုုံးတွင် အောက်တိုဘာ ၂ ရက်နေ့တွင် ပြုလုပ်မည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကောင်းများ ရယူနိုင်ရန် အကောင်းဆုံး အကြံဉာဏ်များပေးမည့် Pro Talk အစီအစဉ်တွင် မန္တလေးစာကြည့်တိုက်တည်ထောင်သူ ကိုသိန်းဇော် (ခ) ကိုဇော်ဇော် ပါဝင်မည်ဖြစ်ကြောင်း work.com.mm ထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI )တွင် ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲတွင် မန္တလေးစာကြည့်တိုက်တည်ထောင်သူ ကိုဇော်ဇော်က“ ကျနော် မောင်ဇော်ဇော် ”ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးမည် ဖြစ်သည်။

Work.com.mm မှ Head of Marketing and PR Manager Mr. Raphael Lachkarက “ပထမဆုံး Pro Talk ဆွေးနွေးပွဲ ကျင်းပပေးတာက အလုပ်ခန့်အပ်ရှာဖွေသူ မန်နေဂျာနဲ့ work.com.mm အွန်လိုင်း အလုပ်အကိုင် အခွင့်အလမ်း ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး အလုပ်ရသွားတဲ့သူတွေက အတွေ့အကြုံတွေကို ပြောသွားမှာပါ။ ဒါ့အပြင် လေးစား အတုယူဖွယ်ကောင်းတဲ့ စွန့်ဦးတည်ထွင်သူ တယောက်ဖြစ်တဲ့ ကိုဇော်ဇော်ကလည်း သူဘ၀ အတွေ့အကြုံတွေကို ပြောသွားပါမယ်”ဟု ပြောသည်။

မန္တလေးစာကြည့်တိုက်တည်ထောင်သူ ကိုသိန်းဇော် ( ခ ) ကိုဇော်ဇော်သည် လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်များတွင် ထူးချွန်စွာ ဆောင်ရွက်နေသူ လစဉ်အလိုက် ထူချွန်သူများအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လအတွင်း ထူးချွန်လူငယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

ထိုု့ပြင် အဆိုပါဆွေးနွေးပွဲတွင် Inyaland Co.,Ltd မှ လူ့အစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနမှ မန်နေဂျာ ဒေါ်ခိုင်ဇာလင်း နှင့် ဦးထွန်းနောင်ဝင်းတို့လည်း ပါဝင်မည်ဖြစ်သည်။

PR Talk အစီအစဉ်ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်၊ အခွင့်အလမ်း ရှာဖွေနေသူများ လက်တွေ့ ဘဝကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို သိရှိစေရန်ဖြစ်သည်။

Loading