သတင်းတို

မြစ်ကြောင်းလုံခြုံရေး ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်အတွင်း၌ မြစ်ကြောင်းလုံခြံုရေးနှင့် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့၊ ပုသိမ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသည့် တရားခံများကို ကုန်းမြေပေါ်ရှိ ရဲတပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍

ဖမ်းဆီးနိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်သူများကို ရေပြင်နှင့် မြေပြင် ပူးပေါင်း ဖမ်းဆီးခြင်းများ လေ့ကျင့်ခြင်းဖြစ်သည်။ အဆိုပါ လေ့ကျင့်မှုတွင် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ လက်အောက်ရှိ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင် ၅၉ ဦး၊ မီးသတ်တပ်ဖွဲ့မှ ၁၀ ဦးနှင့် စပိဘုတ်သမား ၂ ဦး ပါ၀င်ခဲ့ပြီး ရေကြောင်း ရဲတပ်ဖွဲ့မှလည်း စပိဘုတ် ၁ စီး၊ ရေကြောင်း သင်္ဘောတစီးဖြင့် တပ်ဖွဲ့ဝင် ၁၄ ဦး ပါ၀င်လေ့ကျင့်ခဲ့ကြသည်။

Loading