နွန်သဘူရီဒေသ၌ ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရ
ထိုင်းနိုင်ငံ နွန်သဘူရီပြည်နယ်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်က မိုးသည်းထန်စွန်ရွာသွန်းခဲ့သည့် ရာ ကျောက်ဖရားမြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့်အတွက် ဒေသခံများအား သတိပေးမှုများ ပြုလုပ်ထားကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ဒေသတွင်းရှိ အာဏာပိုင်များက ယင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရေနစ်မြုပ်နိုင်သည့် ဧရိယာများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း နွန်သဘူရီမြို့တော်ဝန် Nisit Chansomwong ကပြောပါတယ်။
ကျောက်ဖရားမြစ်နှင့် နီးကပ်ပြီး မြေနိမ့်ပိုင်းလည်းဖြစ်သည့် နွန်သဘူရီဒေသသည် နှစ်စဉ်ရေကြီးသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။
အလားတူ Pak Kret မြို့တော်ဝန် Wichai Bundasak ကလည်း မိုးဆက်လက်ရွာသွန်း၍ ရေမျက်နှာ ပြင်မြင့်တက်ပြီး၊ မြစ်ရေဝင်ရောက်လာခြင်းကို ကာကွယ်ရန် မြစ်ကမ်းနံဘေး ထောင်ပေါင်းများစွာ သော သဲအိတ်များကိုချထာကြောင်းဆိုပါတယ်။
သို့သော် အဆက်မပြတ် မိုးရွာသွန်းသောကြောင့် မြစ်တလျှောက် နေထိုင်သော ဒေသခံများအား ရေကြီးမည့် အန္တရာယ်ကို သတိပြုနေထိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ထားပါတယ်။