သတင်းတို

ပူးတွဲစစ်ရေးလေ့ကျင်မှုများနဲ့ ပတ်သက်၍ ထိုင်းကို အမေရိကန်ချီးကျူးပြောဆို

ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့်ပူးတွဲပြုလုပ်ခဲ့သည့်စစ်ရေးလေ့ကျင့်ခြင်းများအပေါ် အမေရိကန်က ချီးကျူးပြောဆိုလိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Kongcheep Tantrawanich၏ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဟာဝိုင်အီ၌ ၃ရက်ကြာကျင်းပသည့် အာဆီယံ- အမေရိကန် ကာကွယ်ရေးဆိုင် ရာဆွေးနွေးပွဲ တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အရှေ့တောင်အာရှရှိ မဟာ မိတ်ဟောင်း ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်ပြီး ထောက်ပံမှု များ ပေးခဲ့ခြင်း၊ လူကုန်ကူးခြင်း၊ တရားမဝင်ငါးဖမ်းခြင်း၊ လေကြောင်းဆိုင်ရာ ပျံသန်းမှုတို့ကို ထိုင်းနိုင်ငံ အနေဖြင့် ကိုင်တွယ်ရန်ချမှတ်ခဲ့ခြင်းအပေါ် ချီးကျုးပြောဆိုသွားပါတယ်။

အဆိုပါ အာဆီယံ- အမေရိကန် ကာကွယ်ရေးအစည်းအဝေးသို့ ထိုင်းကာကွယ်ရေးဝန်ကြီး ပါရာဝစ် တက်ရောက်ခဲ့ပါတယ်။

အမေရိကန်အနေဖြင့် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းများကို ဆက်လက်ထိန်းသိမ်းချင်တယ်လို့ လည်း ဆိုသလို၊ အပြန်အလှန်အားဖြင့် ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ကလည်း အမေရိကန်-ပစ္စဖိတ်စစ်ဒေသအကြီးအကဲကို ထိုင်းနိုင်ငံသို့ လာရောက်ရန် တရားဝင်ဖိတ်ကြား ခဲ့ပါတယ်။

၂၀၁၄ခုနှစ် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဝေဖန် ပြောဆိုမှုများကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အနည်းငယ်တင်းမာခဲ့ပြီး၊ ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့်စစ်ရေးဆက်ဆံမှုများ ပြုလုပ်လာခဲ့ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့သည် အာဆီယံ- အမေရိကန် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း ဒေသတွင်း၌ဖြစ်ပေါ်နေ သည့် အကြမ်းဖက်သမားအန္တရာယ်၊ ပင်လယ်ဓားပြရန်၊ ရွေ့ပြောင်း လာသူများအရေး၊ နယ်စပ်ဖြတ် ကျော်မှုခင်းများ၊ ဆိုက်ဘာမှုခင်း၊ သဘာဝဘေးအန္တရာယ်များစသည့် ခြိမ်းခြောက်မှု အမျိုးမျိုးနှင့် ပတ်သက်ပြီး အာဆီယံကာကွယ်ရေးဝန်ကြီးအကြား သဘောတူညီမှုရရှိခဲ့သည်ဟု သိရပါတယ်။

Loading