သတင်းတို

ရုရှား- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု Indra 2016 ပြီးဆုံး

Want create site? Find Free WordPress Themes and plugins.

ရုရှားနိုင်ငံ ပရိုင်မောစကီဒေသမှာပြုလုပ်နေတဲ့ Indra 2016 လို့ အမည်ပေးထားတဲ့ ရုရှား- အိန္ဒိယ စစ်ရေးလေ့ကျင်မှု ပြီးဆုံးသွားပြီဖြစ်တယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၃ရက်နေ့မှ အောက်တိုဘာ ၂ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှား၏ အရှေ့ဘက်စစ်ဒေသနှင့် အိန္ဒိယစစ်တပ်မှ နှစ်ဘက်စစ်သည် ၅၀၀ကျော်ပါဝင်ကာ လက်နက်ကိုင် တပ်ဖွဲ့များကို ပိတ်ဆို့ခြင်းနှင့် ရှင်းလင်းခြင်း စသည့်လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ပါတယ်။

ရုရှားလုပ် T-72 တင့်ကားများ၊ ကင်းထောက်အဖွဲ့များ၊ သံချပ်ကာယာဉ်များ၊Mi -8 AMTSh နှင့် Ka- 52 ရဟတ် ယာဉ်များ၊ ဆူခွိုင်း Su-25 တိုက်လေယာဉ်များ၊ ဘက်စုံသုံးရော့ကက်လောင်ချာများ၊ တိုက်ခိုက်ရေး ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ ပါဝင်ခဲ့ပါတယ်။

ရုရှား- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု Indra 2016 ပြီးဆုံး

ရုရှားဟာ အိန္ဒိယနဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သလို၊ ပါကစ္စတန်နဲ့လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါသေး တယ်။

အိန္ဒိယနိုင်ငံဟာ လတ်တလော ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတွေနဲ့ ရင်ဆိုင်နေရသလို၊ ပါကစ္စတန်နဲ့ လည်း နယ်စပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading