သတင်းတို

တောင်တရုတ်ပင်လယ်မှာ အင်ဒိုနီးရှားလေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားလေတပ်က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့်ကျွန်းများအနီး ၂ပတ်ကြာ စစ်ရေးလေ့ကျင်မှုကြီးတရပ် လုပ်ကိုင်မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားပါတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပေါကြွယ်ဝသည့် ယင်းဧရိယာကို အင်ဒိုနီးရှားက အချုပ်အခြာအာဏာပိုင် ဆိုင်ကြောင်း ပြသရန်ဖြစ်တယ်လို့ သိရပါတယ်။

၂ပတ်ကြာ စစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှားလေတပ်သား ၂ထောင်ကျော်နဲ့ ရုရှားလုပ် ဆူခွိုင်းနဲ့ အမေရိကန်လုပ် F-16 လေယာဉ်တွေပါဝင်မှာဖြစ်ပြီး၊ တခြားသောလက်နက်ကိုင်တပ်ဖွဲ့တွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့သိရပါတယ်။

အင်ဒိုနီးရှားလေတပ်ပြောခွင့်ရ Jemi Trisonjayaက“ဒီဒေသမှာကျနော်တို့ရဲ့ရပ်တည်မှုနဲ့ ခြိမ်းခြောက် မှုတွေကို တန်ပြန်နိုင်ဖို့ လုံလောက်တဲ့ လေတပ်ရှိ တယ်ဆိုတာ ပြသချင်လို့ဖြစ်တယ်”လို့ဆိုပါတယ်။

ယခုနှစ်ဧပြီလအတွင်းက အင်ဒိုနီးရှားရေပြင်ပိုင်နက်အထူးစီးပွားရေးဇုန်မှာ တရားမဝင်ဝင်ရောက် ငါးဖမ်းခဲ့တဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေ အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးတဲ့အတွက် တရုတ်နဲ့ အင်ဒိုနီး ရှားရေတပ်တို့ ထိပ်တိုက်တွေ့ခဲ့ကြပါသေးတယ်။ အဲဒီနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုုဝီဒိုဒိုက အငြင်း ပွားနေတဲ့ နာတူနာကျွန်းတဝိုက် စစ်ရေးအခြေခံအဆောက်အအုံတွေကို တည်ဆောက်ခဲ့ပြီး ပြုလုပ်ခဲ့ ပါတယ်။

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ရင် သူပိုင်ဆိုင်တယ်လို့ တောင်းဆိုထားသလို၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တောင်းဆိုထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading