အမေရိကန်စစ်သင်္ဘော ၂စီးဟာ ဗီယက်နမ်ရဲ့ မဟာဗျူဟာကျတဲ့ ကမ်ရန်ပင်လယ်က ရေတပ်စခန်း ကို ဆိုက်ရောက်လာကြောင်း အမေရိကန်ရေတပ်က မနေ့က ထုတ်ပြန်ပါတယ်။
ရေငုပ်သင်္ဘော တိုက်ဖျက်ရေး USS Frank Cable နှင့် ပဲ့ထိန်းဒုံးပျံတပ်ဆင်ထားသည့် ဖျက်သင်္ဘော USS John S. McCain တို့ဟာ ဗီယက်နမ်စစ်ပွဲပြီးနောက်ပိုင်း ကမ်းရန်ရေတပ်စခန်းကို တနင်္ဂနွေနေ့က ဆိုက်ရောက်လာခြင်းဖြစ်ပါတယ်။
ဒါဟာ အမေရိကန်က ဗီယက်နမ်အပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်ပြီး နောက် ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေမြင့်မားနေစဉ် စစ်သင်္ဘောတွေရောက်လာခြင်းဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့် ပိုမိုထိတွေ့ဆက်ဆံမှု တွေ ပိုမိုပြုလုပ်လာခြင်းဖြစ်ပါတယ်။
မကြာသေးမီက ဂျပန်နဲ့ ပြင်သစ်စစ်သင်္ဘောတွေလည်း လာရောက်လည်ပတ်ခဲ့ပါသေးတယ်။
ကမ်းရန်ရေတပ်စခန်းဟာ ဗီယက်နမ်စစ်အတွင်းက အမေရိကန်ရေတပ်စခန်းဖြစ်ခဲ့သလို ဆိုဗီယက်တို့ က လေတပ်စခန်းအဖြစ်လည်း အသုံးချခဲ့ပါသေးတယ်၊ ဒါအပြင် ရုရှားကလည်း ခေတ်မီရေငုပ်သင်္ဘော အခြေစိုက်စခန်းလည်း ရှိပါတယ်။