သတင်းတို

ဘန်ကောက်မြို့ပတ်ရထား ခဲပေါက်မှုဖြင့် မြန်မာတဦးဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရထားတစင်းကို ခဲပေါက်မှုဖြင့် ၁၇နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးထားကြောင်း၊ ယင်းခဲပေါက်မှုကြောင့် ခရီးသည် ၂ဦး ဒဏ်ရာရသွားကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

Makkasan ရဲစခန်းမှ အရာရှိ Sakdidej Kumparanuwong အဆိုအရ အဆိုပါ မြန်မာနိုင်ငံသားမှာ Khlong Tan ဘူတာမှ ထွက်ခွာလာသည့် ဘန်ကောက်မြို့ပတ်ရထားတစင်းကို ခဲဖြင့် ပစ်ပေါက် ခဲ့ခြင်းဖြစ်ပြီး၊ အသက် ၁၇နှစ်အရွယ်နှင့် ၅၉နှစ်အရွယ်ခရီးသည် ၂ဦး ဒဏ်ရာရသွားကြောင်း ဆိုပါတယ်။

အဆိုပါ သံသယရှိသူ မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ သူဟာ သူငယ်ချင်းများနဲ့ ဘောလုံးကစား နေရင်း ရထားဖြတ်သွားတဲ့အခါ ဆူညံသံကို မခံနိုင်တာကြောင့် ခဲနဲ့ ၂ချက် ထုလိုက်တယ်လို့ဝန်ခံတယ် လို့လည်း Bangkok Post ကဆိုပါတယ်။

ရထားကို ခဲပေါက်တဲ့သတင်း အွန်လိုင်းမှာ ပျံနှံသွားတဲ့အတွက် ထိုင်းလူထုအကြား စိုးရိမ်မှုများ မြင့် တက်လာနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်အရသိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading