သတင်းတို

၂၀၁၆ ရူပဗေဒနိုဘယ်ဆု ဗြိတိန်နွယ်ဖွား သိပ္ပံပညာရှင် သုံးဦး

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် ရူပဗေဒနိုဘယ်ဆု အတွက် ဒြပ်ထု၏ ထူးခြားဆန်းပြားသော ပုံသဏ္ဌာန်များနှင့် ပတ်သက်၍ လေ့လာခဲ့ကြ သည့် ဗြိတိန်နွယ်ဖွား သိပ္ပံပညာ သုံးဦး အား   ပူးတွဲ ရွေးချယ်လိုက်သည်ဟု နိုဘယ်ကော်မတီက ထုတ်ပြန် ကြေညာသည်။

အဆိုပါ ပညာရှင် သုံးဦးမှာ အမေရိကန် နိုင်ငံ ၀ါရှင်တန် တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ်တူးလက်စ်၊ ပရင့်စတန် တက္ကသိုလ် မှ ပါမောက္ခ ဒွန်ကန်ဟယ်ဒန့်နှင့် ဘရောင်းတက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ်ကိုစစတာလစ်တို့ ဖြစ်ပြီး၊ ၎င်းတို့သည် ရုပ် ပစ္စည်း တချို့တွင် ထူးခြားသော လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိများ အဘယ်ကြောင့် ဖြစ်ပေါ်ရသည်ကို ရှင်းပြနိုင်သည့် လေ့လာတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အနာဂတ်ကာလတွင် ယင်းတွေ့ရှိချက်ကို အခြေခံကာ ကွမ်တမ် ကွန်ပျူတာများ တည်ဆောက်ခြင်းနှင့် သက်ဆိုင်နေသော ဒြပ်ပစ္စည်းသစ်များ ဖော်ထုတ်နိုင်ရန် အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။

ပါမောက္ခ သုံးဦးသည် ဒြပ်ပစ္စည်းဆိုင်ရာ ကွမ်တမ်သီအိုရီနှင့် ပတ်သက်နေသော နက်ရှိုင်းသည့် အတွေးအမြင်သစ် များကို ဖော်ထုတ်နိုင်ခဲ့ ခြင်း၊ ဒြပ်ပစ္စည်းများ၏ ထူးခြားသော ဂုဏ်သတ္တိများနှင့် ပတ်သက်၍ သုတေသနပြု လေ့လာတွေ့ရှိချက်များကို နားလည်သိရှိနိုင်စေရန် တင်ပြနိုင်ခြင်းတို့ကြောင့် ရူပဗေဒနိုဘယ်ဆု ချီးမြှင့်ရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading