ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာ ရက်စ်ကို မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရွေးချယ်လိုက်ကြောင်းသိရပါတယ်။ ယခုရွေးချယ် မှုကို ယနေ့ကျင်းပမည့် နိုင်ငံပေါင်း ၁၉၃နိုင်ငံတက်ရောက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းကာ အပြီးသတ်အတည်ပြုဖို့ရှိပါတယ်။
မနေ့က ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အဖွဲ့ဝင် ၁၅နိုင်ငံမှ သံအမတ် ကြီးများ၏ တံခါးပိတ် အစည်းဝေးတွင် မဲခွဲဆုံးဖြတ်ရာ မဲ ၆မဲပေးပြီးသည့်နောက် ပေါ်တူဂီဝန်ကြီးချုပ် ဟောင်း အန်တိုနီယို ဂူတာရက်စ်၏ အမည်မှာ ရှင်းရှင်းလင်းလင်းပေါ်ထွက်လာကြောင်း လုံခြုံရေး ကောင်စီ အလှည့်ကျဥက္ကဋ္ဌ ရုရှားသံအမတ်ကြီး ဗစ်တာလီ ချူကင်က ဆိုပါတယ်။
တခြားသော နိုင်ငံ ၁၄နိုင်ငံကလည်း အန်တိုနီယို ဂူတာရက်စ်၏ဘက်က တညီတညွတ်ထဲ ရပ်တည် ကြောင်းလည်း ရုရှားသံအမတ်ကြီးကပြောပါတယ်။
အန်တိုနီယို ဂူတာရက်စ်ဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၂ခုနှစ်အထိ ပေါ်တူဂီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး နောက် ကုလမဂ္ဂအဖွဲ့ကြီး ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း၌ ၂၀၀၅ခုနှစ်မှ ၂၀၁၅ ခုနှစ် တာဝန်ယူခဲ့ ပါတယ်