အင်းဝအပ်ချုပ်ဆိုင်မှ အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေး၂ဦးကို ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့်အထိနှိပ်စက်သည့်အမှု၌ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ကိုင်တွယ်ဖြေရှင်း ပုံများ ဝေဖန်ခံရပြီးနောက် ယနေ့ကော်မရှင် အဖွဲ့ဝင်များ ရာထူးမှ မိမိဆန္ဒအလျှောက်နှုတ်ထွက် ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးမှ သမ္မတ ဦးထင်ကျော်အမိန့်ဖြင့် ထုတ်ပြန်လိုက်သည်။
နုတ်ထွက်သွားသူများမှာ ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နှင့် ဒေါ်မြမြတို့ ဖြစ်ပြီး၊ ၎င်းတို့ကို နိုင်ငံသား များ၏ မူလ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိသဖြင့် ထိရောက်စွာ အရေးယူပေးရန် ပြည်သူ့လွှတ်တော်ကလည်း စက်တင်ဘာ ၂၆ရက်နေ့က အတည်ပြုပြီးဖြစ်သည်။