သတင်းတို

ဆီးရီးယားအရေး S-300 ဒုံးပျံများချထားခြင်းဖြင့် ရုရှားတုံ့ပြန်

ရုရှားက ဆီးရီးယားမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် S-300V4 ဒုံးပျံများကို ချထားလိုက် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောခွင့်ရ အီဂေါ ကိုနာရှန်ကော့ဗ်က အတည်ပြုပြောကြား ပါတယ်။

ရုရှားနဲ့ အမေရိကန်အကြားထားရှိခဲ့တဲ့ ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောညီချက် ပျက်ပြားသွား ပြီးနောက် အလက်ပိုမြို့အရှေ့ခြမ်းကို ရုရှားနဲ့ ဆီးရီးယားတို့ ဗုံးကြဲနေမှုကို အမေရိကန်က ကန့်ကွက် နေခြင်းကို ရုရှားက ဒုံးပျံများချထားခြင်းနဲ့ တန်ပြန်လိုက်တာဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

ဂလက်ဒီယေတာလို့ ခေါ်တဲ့ S-300 V4 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို မြေထဲပင်လယ်ကမ်း ခြေမှာရှိတဲ့ ဆီးရီးယားရဲ့ တာတုစ်မြို့ ရုရှားရေတပ်စခန်းမျာ ချထားခြင်းဖြစ်ပြီး မိုင် ၁၅၀ အတွင်းဝင် ရောက်လာတဲ့ လေယာဉ်များ ပစ်ခတ်နိုင်ပါတယ်။

S-300V4 ဒုံးပျံစနစ်ကို ရုရှားနိုင်ငံပြင်ပမှ ပထမဆုံးအကြိမ်ချထားတားဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ဆီးရီးယား တူရကီနယ်စပ်မှာ ရုရှားဗုံးကြဲလေယာဉ် ပစ်ချခံရစဉ်ကလည်း S-400 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်ကို Hmeymim လေတပ်စခန်းမှာ ချထားခဲ့ ပါသေးတယ်။

ဒါအပြင် ရုရှားဟာ အမေရိကန်နဲ့ သဘောတူညီချက်ရရှိထားတဲ့ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။

Loading