သတင်းတို

MNA လေကြောင်းလိုင်း ချင်းမိုင်ခရီးစဉ် ပြေးဆွဲမည်

မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines -MNA) မှ ရန်ကုန်- ချင်းမိုင်- ရန်ကုန် ခရီးစဉ်သစ်တခုကို လာမည့် နိုဝင်ဘာ ၄ရက်နေ့မှ စတင်ကာ တပတ် ၂ကြိမ်(တနင်္လာနှင့် သောကြာနေ့များ)တွင် ပြေးဆွဲသွားမည်ဟု အစိုးရသတင်းကဆိုသည်။

ထို့အပြင် လက်ရှိပျံသန်းနေသည့် ရန်ကုန်- စင်ကာပူ- ရန်ကုန် ခရီးစဉ်ကိုလည်း နံနက်ပိုင်း ပျံသန်းပြေး ဆွဲနေရာမှ ဒီဇင်ဘာ ၁ရက်နေ့မှစတင်ကာ ညနေပိုင်း(တနင်္လာမှ သောကြာ) ၅ကြိမ် ထပ်မံတိုးချဲ့ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MNA သည် လက်ရှိ ရန်ကုန်- စင်ကာပူ ခရီးစဉ်အပြင် ရန်ကုန်- ဟောင်ကောင်၊ ရန်ကုန်- ဘန်ကောက် စသည့် ပြည်ပခရီးစဉ်များအပြင် ပြည်တွင်းခရီးစဉ်များကိုလည်း ပြေးဆွဲလျှက်ရှိသည်။

Loading