သတင်းတို

ဗီယက်နမ်က S-300 ဒုံးပျံစနစ် အဆင့်မြှင့်တင်မည်

ဗီယက်နမ်က ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် S-300 ဒုံးပျံစနစ်ကို ပိုမိုခေတ်မီအောင် အဆင့်မြှင့်ဖို့ ပြု လုပ်ရန် ရှိကြောင်းသိရပါတယ်။ ကုမ္ပဏီအနေဖြင့် ဒုံးပျံစနစ်နှင့် သက်တမ်းတိုးချဲ့ရန်ဆောင်ရွက် နေပြီး၊ လတ်တလောမှာတော့ ရေဒါစနစ်အဆင့်မြှင့်တင်ခြင်းကို ဗီယက်နမ်စစ်ဘက်အင်ဂျင်နီယာဌာန A29 စက်ရုံမှာ ပြုလုပ်နေကြောင်းသိရပါတယ်။

နေတိုးအခေါ် SA-10 Grumble အမည်ပေးထားသည့် S-300PS အမျိုးအစားတွေဟာ ၁၉၈၅ခုနှစ် ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားခြင်းဖြစ်ပြီး၊ ၅၅မိုင်အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ်နိုင် ကာ5V55R ဒုံးပျံများတတ်ဆင်ထားပြီး၊ ရွေ့လျားနိုင်ကာ အနိမ်ပျံတိုက်လေယာဉ်၊ အမြင့်ပျံတိုက် လေယာဉ်နှင့် ခရုစ်ဒုံးပျံများကို ဟန့်တားပစ်ခတ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

မြေပြင်မှ ဝေဟင်ပစ် S-300 ဒုံးပျံများကို အယ်ဂျီးရီးယား၊ အာမေနီးယား၊ အဇာဘိုင်ဂျန်၊ ဘူဂေးရီးယား၊ တရုတ်၊ ရုရှား၊ ယူကရိန်း၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ်နိုင်ငံများတွင် အသုံးပြုနေပါတယ်။

Loading